Wednesday, September 5, 2012

ကချင်မှာ တိုင်းမှူးအပြောင်းအလဲဖြစ်


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင်မှာ ပြောင်းရွှေ့လိုက်ရပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

၎င်း၏ နေရာတွင် ဗိုလ်ချုပ် ထွန်းထွန်းနောင်မှ အစားထိုး တာဝန်ယူမည် ဖြစ်ကြောင်း စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါသည်။

ဗိုလ်ချုပ်ထွန်းထွန်းနောင်မှ တပ်မ (၈၈) တပ်မမှူးအဖြစ် တာဝန်ယူခဲ့သူ လည်း ဖြစ်ကြောင်းသိရသည်။

ဖားကန့် ရှရော်ခဖြစ်စဉ်တွင် မြန်မာစစ်တပ် တပ်ရင်းလိုက်ကျဆုံးမှု များဖြစ်ပေါ်ခဲ့ပြီးနောက် နေပြည်တော်မှ ဗိုလ်ချုပ်ဇေယျာအောင်အား ပြောင်းရွှေ့ရန် စက်တင်ဘာလ (၁) ရက်နေ့က အမိန့်စာ ရောက်ရှိလာခဲ့ ကြောင်း သိရပါသည်။ မည်သည့် နေရာသို့ ပြောင်းရွှေ့ရမည်ဆိုသည် ကိုမူ မသိရပါ။

ဗိုလ်ချုပ်ဇေယျာအောင်အား စစ်ရေးစွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း၊ ၄င်း၏ လက်ထက် KIA နှင့် တိုက်ပွဲများတွင် မြန်မာစစ်တပ်မှ ကျဆုံးမှုများ အလွန်များပြားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

တိုက်ပွဲများဖြစ်ပွားခါစက ယမန်နှစ်က မြစ်ကြီးနား-လိုင်ဇာလမ်းပေါ် တိုက်ပွဲများ တွင်လည်း မြစ်ကြီးနားအခြေစိုက် ခလရ (၂၁) တပ်ရင်းလိုက် ကျဆုံးမှု လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။