Friday, September 28, 2012

ဆွတ်ငိုင်ရန်မှ ၉ တန်းကျောင်းသူကို ပစ်သတ်မှုအား ဖခင်ဖြစ်သူ သမ္မတထံစာတင်

(Jinghpawkasa)

ဖားကန့်ဆွတ်ငိုင်ရန်တွင် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗမာစစ်တပ်မှ အရက်မူးကာ အသက် ၁၄ နှစ် အရွယ် ကျောင်းစိမ်းကျောင်းဖြူဝတ် ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန်အား အနီးကပ်ပစ်သတ်ခဲ့ပါသည်။ ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီးတာဝန်ရှိသူအများအား အပြစ်ပေးခြင်း မရှိသည့်အပြင် စုံစမ်း စစ်ဆေးမှု ပြုလုပ်ခြင်း လည်းမရှိပေ။ ဤဖြစ်ရပ်နှင့် ပက်သက်၍ ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က “ဗျူဟာမှူးက ရက်လည်ဆုတောင်းပွဲလုပ်တုန်းက ဗျူဟာကုန်းကို ခေါ်ပြီးတော့ ငွေ ၁ သိန်းထုတ်ပေးပြီး ဆုတောင်းပွဲစရိတ်ထုတ်ပေးခဲ့ပါတယ်။ ဒါက သူ့တို့ မှာတာဝန်ရှိတယ်လို့ ၀ံခံလိုက်တာဘဲ။ သမီးတစ်ဦးကို ဆုံးရှုံးလိုက်တဲ့ ဖခင်အတွက် အရှိုက်ထိုးလိုက်သလိုပေါ့။ တကယ်တော့ ကျွန်တော်လိုချင်တာက ဗျူဟာမှူးက သူ့တပ်တွေအမှားအတွက် ကျွန်တော်တို့မိသားစုအပါအ၀င် ဒဏ်ရာရခဲ့တဲ့ မိသားစုဝင်တွေကို တောင်းပန်သင့်ပါတယ်။ နောက်ပြီး အပြစ်ကျူးလွန်တဲ့ စစ်သားကို စစ်ခုံရုံးကို တင်ပေးရမယ်လေ၊ အနည်းဆုံးတော့ ဒဏ်ပေးရမယ်လေဒါမှ တရားမျှတမှာပေါ့။ ကျွန်တော့သမီးတော့ အသက်ဆုံးရှုံးသွားရပြီ ဒါပေမဲ့ ကျွန်တော့သမီးလို တခြား ကျောင်းသား၊ ကျောင်းသူတွေ မဖြစ်ရအောင်၊ တရားခံစစ်သားတွေကို တာဝန်ရှိသူတွေသိစေဖို့ အခုလို သမ္မတဆီစာတင်ခြင်းဖြစ်ပါတယ်။ ယခုကဲ့သို့ တာဝန်ရှိသူတွေကို စုံးစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ခြင်းမရှိပါက တရားစွဲဖို့အထိပြင်ဆင် ထား ပါတယ်။"  ဟု ဖခင်ဖြစ်သူက ပြောပြပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။