Wednesday, September 19, 2012

ဗမာစစ်တပ်မှ တနိုင်းသို့ စက်ဆီနှင့် ဆန်တင်ပို့ခွင့် ပိတ်ပင်

(Jinghpawkasa)

ကချင်ပြည်နယ် တနိုင်းဒေသသို့ ဗမာအစိုးရ မြောက်ပိုင်းတိုင်း မပခ မှ စက်ဆီနှင့် ဆန် တင်ပို့မှုများကို စက်တင်ဘာလ (၁၃) ရက်နေ့မှ ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ယခုကဲ့သို့ ဗမာအစိုးရ၏ ပိတ်ပင်မှုကြောင့် တနိုင်းသေဒရှိပြည်သူများ စက်သုံးဆီနှင့် ဆန် ဈေးမြင့်လာသောကြာင့် ဒုက္ခရောက်နေကြကြောင်း၊ ဆန်တစ်အိတ်လျှင် ကျပ်ငွေ (၅၀၀၀၀) ဖြင့်ဝယ်စားနေရကြောင်း သတင်းရ ရှိပါသည်။ အထူးသဖြင့် ကေအိုင်အိုအစိုးရ အနောက်ဘက်တိုင်း တပ်မဟာ (၂) ဌာနချုပ်ဖြစ်သော အောင်လောဒ့် နှင့် ကေအိုင်အေ တပ်ရင်း (၁၄) ဒေသဖြစ်သော နမ့်ဗျူ ဘက်သို့ ရိက္ခာဖြတ်တောက်ချင်၍ ယခုကဲ့သို့ စက်ဆီနှင့် ဆန် တင်ပို့မှုကို လုံးဝပိတ်ပင်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။