Saturday, September 1, 2012

နေပြည်တော်စစ်ကောင်စီမှ ဖားကန့်ဒေသအား ကျူးကျော်သိမ်းပိုက်ရန် အမိန့်ချမှတ်


(Jinghpawkasa)

KIA တပ်မဟာ (၂) နယ်မြေဖြစ်သော၊ ကချင်ပြည်နယ် ဥရု-ဆိုင်းမော် ဖားကန့်ဒေသအား (၃) ရက်အတွင်း ကျူးကျော် တိုက်ခိုက် သိမ်းပိုက်ရန် နေပြည်တော် စစ်ကောင်စီရုံးမှ အမိန့်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် မြန်မာစစ်တပ်မှ ကချင်ပြည်နယ် KIO/KIA ထိန်းချုပ် ရာဒေသများသို့ စစ်အင်အား၊ လက်နက်အင်အားများကို နည်းမျိုးစုံ ဖြင့် ဖြည့်တင်းလျက်ရှိသည်ကိုလည်း သိရသည်။

ယနေ့ စက်တင်ဘာလ (၁) ရက်နေ့တွင်လည်း အောက်မြန်မာပြည် မန္တလေးဘူတာမှ စစ်အင်အား အပြည့် ရထား (၂) စီးဖြင့် ကချင်ပြည်နယ် သို့ တက်လာပြီဖြစ်ကြောင်းလည်းသိရသည်။

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးတွင် လည်း လေယာဉ် (၆) စီးဖြင့် စစ်ရေးလေ့ကျင့်နေကြောင်း ဒေသခံများအဆိုအရ သိရသည်။ အဆိုပါလေယာဉ်များတွင် F7 ကဲ့သို့ တိုက်လေယာဉ်များလည်း ပါဝင်ကြောင်း၊ ဖားကန့်ဒေသသို့ ထိုးစစ်ဆင်ရန်အတွက် ဖြစ်နိုင်ကြောင်း လည်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။