Monday, September 24, 2012

အမေရိကန်ရောက် ဒေါ်အောင်ဆန်းစုကြည်ကို ဗမာလူမျိုးများက ကချင်အမျိုးသားဝတ်စုံဝတ်ကာ လိမ်လည်ကြိုဆို


(Jinghpawkasa)



ဒေါ်အောင်ဆန်းစုကြည့် အမေရိကန်နိုင်ငံသို့ လာရောက်လည်ပါတ်ခြင်းကို အမေရိကန်ရောက် ကချင်အမျိုး သားများက သွားရောက်တွေ့ဆုံခြင်းမပြုရန် ၀ိုင်းဝန်းသဘောထား ထုတ်ပြန်ထားကြောင်းကို ကြားသိရပါသည်။ ယခုကဲ့သို့ အမေရိကန်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် အမေရိကားနိုင်ငံရောက် ကချင်အမျိုးသားများ လာရောက်ခြင်းမရှိသည်ကို အခွင့်ကောင်းယူကာ ဗမာလူမျိုး များက လိမ်ညာလှည့်ဖြားပြီး ကချင်ဝတ်စုံ ၀တ်ဆင်က ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မြို့ သို့ရောက်ရှိလာစဉ် နယူးယောက်ရှိ ဗမာလူမျိုးများက ခွန်းအောင် ခေါ်ရှမ်းဗမာလူမျိုးကို အခကြေးငွေပေးကာ ကချင်ဝတ်စုံဝတ်ဆင်စေပြီး ကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဗမာလူမျိုးများ၏ လုပ်ရပ်သည် ရှက်ဖွယ်ရာဖြစ်ကြောင်းနှင့် ဒီမိုကရေးစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် ကို အမေရိကန်နိုင်ငံရောက် ဗမာလူမျိုးများကို လိမ်ညာလှည့်ဖြားခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖြစ်ပါသည်။

1 comment:

  1. www.first-11.com.
    http://Burma.irrawaddy.org
    အဲဒီ web site က comments တွေထဲမှာ အမေစုကို တိုက်ခိုက်လို့  ဆိုပြီး comments တွေ အများကြီး ပေးထားတာမြင်၇တယ်။ ကချင်လူမျိုးတွေကိုလည်း အမျိုးမျိုး ပုပ်ခတ်ထားတာ မြင်၇ပါတယ်။ ဒါပေမယ့် ဒါကို ဘာမှ အပြစ်တင်စ၇ာအကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကချင်တစ်ယောက်အကြောင်းကို ဗမာတစ်ယောက်အနေနဲ့  နားလည်မှာ မဟုတ်လို့ ပါပဲ။ ကချင်လူထုတစ်၇ပ်လုံးဟာ KIA နဲ့  တစ်ထပ်တည်းပါပဲ။
    တကယ်တော့ ကချင်ပြည်နယ်ေ၇ွးကောက်ပွဲတွေပျက်သွားတာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါ။ မဟုတ်ရင် ဒေါ်စုကို မဲပေးမိကြမှာလေ။ အခုတော့ ဒေါ်စုလည်း လွတ်တော် သချိုင်းထဲမှာပဲ. အချိန်ဖြုန်းနေပါပြီ။

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။