Saturday, September 29, 2012

မြန်မာစစ်တပ်မှ ဆဒုံး ဆဂပါ သို့ လက်နက်ကြီးပစ်ခတ်

(Jinghpawkasa)

ကချင်ပြည်နယ် ဆဒုံးတွင်တပ်စွဲထားသော ဗမာအစိုးရ၏ တပ်မ (၈၈) မှ ဆဂပါကျေးရွာသို့ နေတိုင်း လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း သတင်းရရှိပါသည်။ တပ်မ (၈၈) မှ စက်တင်ဘာလ (၂၇) ရက်နေ့ညတွင် (၆) ကြိမ်၊ စက်တင်ဘာလ (၂၈) ရက်ညတွင် (၃) ကြိမ်း ဆဂပါရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။ ဤ ဆဂပါကျေးရွာတွင် ဗမာအစိုးရမှ တရားဝင်ဖွင့် လှစ်ထားသော အလယ်တန်းကျောင်းရှိပြီး၊ ၄င်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား (၂၁၀) ကျော် ပညာသင်ယူနေကြောင်း နှင့် ဆဂပါကျေးရွာတွင်လည်း အိမ်ခြေစုစုပေါင်း (၁၆၀) လောက်ရှိကြောင်း သိရှိရပါသည်။ ယခုခဲ့သို့ ဗမာအစိုးရစစ်တပ်၏ မဆင်မခြင် လူနေရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင်း ရွာသူ၊ ရွာသားများ ထိတ်လှန့်ကြောက်ရွံ့လျက်ရှိကြောင်းနှင့် အထူးသဖြင့် သက်ကြီးရွယ် အိုများ၊ အသက်ငယ်သော ကလေးသူငယ်များနှင့် ဖျားနှာနေသူများအတွက် အထူးစိုးရိမ်မကင်း ဖြစ်နေရကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။