Sunday, September 2, 2012

ရှရော်ခ ပေါက်ကွဲမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်း ရှင်းလင်းချက်ထုတ်


(Jinghpawkasa)


စက်တင်ဘာလ ၁ ရက်နေ့တွင် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင် (၆) တွင် သြဂုတ်လ (၂၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရှရော်ခမော် ပေါက်ကွဲမှုအကြောင်း ပြည်သူလူထုအား ရှင်းလင်ပွဲပြု လုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ပေါက်ကွဲမှုမှာ ကောလဟာလ အမျိုးမျိုးထွက်ပေါ်နေသဖြင့် လူထုအားရှင်းပြရခြင်းဖြစ်ကြောင်း ဒုတပ်ရင်မှူးကပြောပြပါသည်။ ပေါက်ကွဲမှု အမှန်ဖြစ်စဉ်မှာ ဗမာစစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး၊ ဆီသိုလှောင်ရုံကိုထိမှန်ခဲ့ပြီး မီးလောင် ကျွမ်းရာမှ ယမ်းဂိုဒေါင်ပေါက်ကွဲခြင်းသာ ဖြစ်ကြောင်း၊ ဗမာစစ်တပ်၏ လမောင်ကုန်း သိမ်းယူရေးအတွက် မဆင်မခြင် အတင်းထိုးစစ်ဆင်ခြင်း ကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှုအတွင်း ဗမာတပ်ရင်း တစ်ရင်လုံး ပေါက် ကွဲမှုအထဲပါသွားခြင်းဖြစ်ကြောင်း၊ KIA အနေဖြင့် ခံစစ်ဖြင့်သာ ခုခံခြင်းဖြစ်သဖြင့်၊ လက်နက်ကြီးများမသုံးကြောင်းနှင့် ဗမာစစ်တပ်အနေ ဖြင့် ၄င်းတို့၏လက်နက်ဖြင့် ၄င်းတို့ထိခိုက်ခြင်းသာဖြစ်ကြောင်း သူက ကချင်ပြည်သူ များကိုရှင်းလင်းတင်ပြပါသည်။ ထိုရှင်းလင်းပွဲတွင် ပေါက်ကွဲမှုအပြီး သိမ်းယူရရှိခဲ့သော ပျက်စီးနေသော လက်နက်များအား ပြည်သူလူထုများအား ဗဟုသုတရရန်အလို့ငှါ ပြသထားပေးကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။