Wednesday, September 12, 2012

ဗမာစစ်တပ်မှ သံလွင်ဧရာကုမ္ပဏီရှိ ယမ်းများဖျက်ဆီး


(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ဘက်တိုင်း တပ်မဟာ (၆) နယ်မြေဖြစ်သော ဖားကန့်ဒေသ ဖားပင်နှင့်မနားမော်ကြားရှိ သံလွင်ဧရာ ကုမ္မဏီ၏ ယမ်းဂိုဒေါင်မှ ယမ်းများကို လွန်ခဲ့သော နှစ်ရက်၊ သုံးရက်ခန့် တွင် ဗမာအစိုးရစစ်တပ်များမှ လွန်ခဲ့သောလက ဆိုင်းဂျာဘွမ်ရှိ  ဝေအောင်ကုမ္မဏီကဲ့သို့ ပြန်လည်ပေါက်ကွဲလာမည်ကို စိုးရိမ်သော ကြောင့် အားလုံး ရေဖျော်ပြီးမျောလိုက်ကြောင်း သတင်းရရှိပါသည်။ ဤကဲ့သို့ ဗမာအစိုးရစစ်တပ်မှ ယမ်းများကို စည်းမရှိကမ်းမရှိ  ရေဖျော် မျောလိုက်သော ကြောင့် ပါတ်ဝန်းကျင်ရှိ မြက်ခင်း၊ သစ်ပင်များအား လုံး ခြောက်သွေ့ကာ သေးဆုံးသွားကြောင်း သတင်းရရှိပါသည်။  ဖြတ်သွားဖြတ်လာ ပြည်သူများကိုလည်း ဗမာအစိုးရစစ်သားများမှ  နေ့စဉ်နေ့တိုင်း ဖမ်းဆီး ခြိမ်းခြောက်နေလျက်ရှိကြောင်း ဖားကန့်ဒေသ ခံများမှ တဆင့် ကြားသိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။