Monday, September 10, 2012

ဗမာစစ်တပ်မှ လဂျားယန်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်


(jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အို အစိုးရ၏ ပိုင်နက်နယ်မြေဖြစ် သော မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း လဂျားယန် ကျေးရွာသို့ ဒေါ့ဖုန်းယန် အခြေစိုက် ဗမာအစိုးရ စစ်တပ်မှ စက်တင်ဘာ (၉) ရက်နေ့ ညနေပိုင်း (၅း၀၀) နာရီခန့်တွင် (၁၀၅မမ) လက်နက်ကြီးများဖြင့် (၄) ကြိမ်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် လဂျားယန်ရွာ အနီးပါတ်ဝန်းကျင်များတွင်သာ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ယခုအခါ ဗမာအစိုးရ စစ်တပ်များမှ ကေအိုင်အို ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့ ပါတ်ဝန်းကျင် ဒေသများတွင် အစစ်အင်အား အလုံးအရင်းဖြင့် လှုပ်ရှားနေကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။