Saturday, September 1, 2012

မြန်မာစစ်တပ်မှ ဖားကန့်ဒေသတွင် လေကြောင်းအကူအညီများ အသုံးပြုလာ


(Jinghpawkasa)

ယခုအချိန်တွင် မြန်မာစစ်တပ်မှ စစ်ရေးအရေ ရှုံးနိမ့်မှုများကို ကြုံတွေ့နေရသောကြောင့် ဖားကန့်ဒေသတွင် လေကြောင်း အကူအညီ အသုံးပြုလာကြောင်းသိရပါသည်။

KIA တပ်မဟာ (၂) ထိန်းချုပ်နယ်မြေဖြစ်သော ဖားကန့်ဒေသဘက်သို့ သြဂုတ်လ (၃၁) ရက်နေ့က ရဟတ်ယာဉ် (၂) စီးဖြင့် စစ်လက်နက် များ သယ်ဆောင်လာကြောင်းသိရသည်။ စစ်သားများလည်း လာရောက်ပို့ ဆောင်ကြောင်းသိရသည်။ မြန်မာစစ်တပ်မှ ဟိုပင်ဘက်မှ စစ်သား များကို ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ခြင်းဖြစ်သည်။ ထိုနေ့က (၅) ကြိမ် တိုင်လာရောက်ပို့ဆောင်ကြောင်း၊ ရဟတ်ယာဉ်တစ်စီးလျှင် တစ်ကြိမ်လျှင် စစ်သား (၂၅) ဦးသယ်ဆောင်ကြောင်း ဆက်လက်သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။