Wednesday, August 29, 2012

ဖားကန့်တွင် KIA အောင်ပွဲခံ


(Jinghpawkasa)

KIA တပ်မဟာ (၂) နယ်မြေဖြစ်သော ကချင်ပြည်နယ် ဖားကန့်မြို့နယ် တွင် သြဂုတ်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် မြန်မာစစ်တပ်မှ အကျအရှုံးအလွန်များပြားခဲ့သောကြောင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ အလွန်စိတ်ဆိုးကာ တပ်မ (၃၃) ကို တပ်ကူပို့ကာ ယနေ့ သြဂုတ်လ (၂၉) ရက်နေ့ ညနေပိုင်း (၃း၀၀) အချိန်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းတက်လာပြီး KIA ကို အပြင်းအထန် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။ ကဲ့သို့ တိုက်ခိုက်ရာတွင် လက်နက်ကြီးများလည်း အများအပြားအသုံးပြုကြောင်း သိရသည်။ 

မြန်မာစစ်တပ်မှ ပစ်လိုက်သော လက်နက်ကြီးမှ အမြောက်ဆံတစ်ခု သည် KIA တပ်သားများနေရာယူထားသည့်နေရာတွင်ရှိသော ကုမ္ပဏီ တစ်ခု၏ ဒီဇယ်ပေပါဗုံးအနီးတွင် ကျရောက်ခဲ့ရာ မီးခိုးများ အလွန် များပြားစွာ ထွက်ပေါ်လာခဲ့သည်။ ထိုကဲ့သို့များပြားလှသော မီးခိုးများ ကြောင့် KIA တပ်သားများသည် မြန်မာစစ်တပ်က ဓာတုလက်နက် အသုံးပြုသည်ဟု ထင်မြင်ယူဆကာ နောက်သို့ ဆုတ်ခွာခဲ့ကြောင်း သိရသည်။ KIA မှ တပ်ဆုတ်သွားသောအခါ မြန်မာစစ်တပ်မှ အလုံး အရင်းဖြင့် ရှေ့သို့တက်လာကြောင်း၊ ထိုအချိန် တွင် နောက်တန်းရှိ မြန်မာစစ်တပ်မှ ပစ်လိုက်သော လက်နက်ကြီးဆံ တစ်ခုမှာ ဝေ ကုမ္ပဏီ၏ မိုင်းတွင်းတစ်ခု (ကျောက် တောင်များဖြိုခွဲရာတွင် အသုံးပြုသော မိုင်းများ သိုလှောင်ထားရာနေရာ) သို့ ကျရောက်ကာ ပြင်းထန်စွာ ပေါက်ကွဲခဲ့ ကြောင်း၊ ကုမ္ပဏီပိုင် Back-four ကား အများအပြားအပြင်၊ စစ်ကြောင်း တက်လာသော မြန်မာစစ်သားများ အားလုံး ပေါက်ကွဲမှုတွင် ပါသွား ကြောင်း သတင်းရရှိသည်။ မိုင်းတွင်အနီးရှိ မြန်မာစစ်သားအားလုံး သေဆုံးကြောင်း၊ နောက်ထပ်တက်လာသော မြန်မာစစ်သားများကို လည်း KIA မှ တိုက်ထုတ်နိုင်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

အကယ်သာ မိုင်းတွင်းပေါက်ကွဲခဲ့ခြင်း မရှိပါက ယခုအချိန်တွင် မြန်မာစစ်တပ်သည် ဆိုင်းဂျာဘွမ် (Seng Ja Bum) ကို သိမ်းပိုက် လိုက်နိုင်မည်ဖြစ်ကြောင်း၊ ဘုရားကကူညီခြင်းဖြစ်ကြောင်း၊ အောင်ပွဲ အတွက် KIA မှ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း အောင်ပွဲခံအခမ်းအနား ကျင်းပခဲ့ကြောင်း သိရပါသည်။ ကချင်တစ်မျိုးသားလုံးလည်း အောင်ပွဲနှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။