Friday, August 24, 2012

KIA တပ်မဟာ (၂) နှင့် တပ်မဟာ (၅) တွင် တိုက်ပွဲပြင်းထန်

(Kachinnet)

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့ မနက် ၁၀း၃၀ အချိန်တွင် KIA တပ်မဟာ (၂) နယ်မြေ၊ ပန်ခေါန်ယန် (Pang Hkawn Yang) သို့ စစ်ကြောင်းထိုးလာသော မြန်မာစစ်တပ် ခလရ (၂၇၄) နှင့် KIA တပ်ရင်း (၅) တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် မြန်မာစစ်တပ်မှ (၄) ယောက်ကျဆုံးပြီး (၁၀) ယောက် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

KIA တပ်မဟာ (၂)၊ တပ်ရင်း (၆) နယ်မြေဖြစ်သော တာမခန်းမှ တက်လာသော မြန်မာစစ်တပ် ခမရ (၁၆) နှင့် ခလရ (၂၇၂) တပ်ပေါင်းအဖွဲ့နှင့် KIA တပ်ရင်း (၆) တို့ သြဂုတ်လ (၂၂) ရက်နေ့ ည (၆း၂၀) အချိန်တွင် ဂွီခမော် (Gwi Hka Maw) အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

KIA တပ်မဟာ (၅) နယ်မြေ၊ မြို့သစ်အထက် ငါဂျူနောင်း (Nga Ju Nawng) သို့ စစ်ကြောင်းတက်လာသော မြန်မာစစ်တပ် ခလရ (၁၂၁) နှင့် KIA တပ်ရင်း (၂၅) တို့ သြဂုတ်လ (၂၂) ရက်နေ့ ည (၁၂) အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲအတွင်း နှစ်ဖက် ကျရှုံးစာရင်း မသိရသေးပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။