Wednesday, August 22, 2012

ဦးဇခုန်တိန်းယိန်းနှင့် မြန်မာစစ်တပ်မှ လူဝယ်ပြီး KIA ကို တိုက်ခိုင်း


(jinghpawkasa)


ဦးဇခုန်တိန်းယိန်း

ဦးဇခုန်တိန်းယိန်းနှင့် မြန်မာစစ်တပ် (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး) ပူးပေါင်းကာ ပြည်သူ့စစ်ဖွဲ့စည်းလိုက်ပြီး မြို့အတွင်းနှင့် ကျေးရွာများမှ လူမျိုးမရွေး၊ ဘာသာမရွေး ၀ယ်ယူကူ တပ်သား စုဆောင်းနေကြောင်းသိရသည်။ လူတစ်ဦးလျှင် ကျပ် သိန်း (၂၀) ပေးကာ ၀ယ်ယူနေခြင်းဖြစ်ပြီး ငွေပေး ၀ယ်ယူထားသော လူဦးရေမှာ အယောက် (၄၀၀) နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ စုဆောင်းထားသော လူများကို သေနတ်ပေးကာ ၂ ရက် ၃ ရက်မျှ လေ့ကျင့်စေပြီး ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ကာ KIA ကို တိုက်ခိုက်စေကြောင်း ပန်ဝါ သတင်းရပ်ကွက်မှ သိရပါသည်။

ထို့ပြင် ချီဖွေဒေသတွင်လည်း ကျေးရွာ ၄၊ ၅ ရွာတွင် ဒေသခံများ မနေရဲအောင် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်းများရှိကြောင်း၊ ညအချိန် မီးအလင်းရောင်တွေ့ပါကလည်း သေနတ်ပစ်ဖောက်ကြောင်း ဆက်လက်သိရသည်။ ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦးမှာ ပုခုံးတွင် သေနတ်ဒဏ်ရာရ တောင်ပေါ်ဆေးဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။

1 comment:

  1. တစ်ယောက်သိန်းနှစ်ဆယ်တဲ့
    အမျိုးမစစ် ဇခုန်တိန်းယိန်းက ဘိန်းရောင်းလို့ရထားတဲ့ ငွေတွေနဲ့ သောင်းကျန်နေတာ

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။