Tuesday, August 28, 2012

KIA တပ်ရင်း (၃) နယ်မြေတွင် တိုက်ပွဲဖြစ်


(Jinghpawkasa)

KIA တပ်မဟာ (၅) လက်အောက်ခံ၊ တပ်ရင်း (၃) နယ်မြေဖြစ်သော ကဇူး (Katsu) ကျေးရွာအနီး ခရာ (Hka Ra) ကျေးရွာတွင် သြဂုတ်လ (၂၈) ရက်နေ့ မနက်ပိုင်း (၈း၀၀) နာရီအချိန်တွင် KIA တပ်ရင်း (၃) မှ တပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်တပ် တပ်မ (၈၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယနေ့ညနေပိုင်း (၁း၀၀) အချိန်ပတ်ဝန်းကျင်တွင်လည်း ဒကယန် (Daga Yang) ကျေးရွာအနီး KIA နှင့် မြန်မာစစ်တပ်တို့ တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

တိုက်ပွဲသတင်းအသေးစိတ် မသိရသေးပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။