Monday, August 27, 2012

ဖားကန့်ဒေသတိုက်ပွဲ မြန်မာစစ်တပ်မှ ၁၀ ဦးထက်မနည်း ကျဆုံး


(Jinghpawkasa)


ဖားကန့်ဒေသတွင် သြဂုတ်လ (၂၇) ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄း၃၀ အချိန်ထိ KIA တပ်ရင်း (၆) လက်အောက်ခံ ပြည်သူ့စစ်တပ် ဖွဲ့ခွဲ (၅) နှင့် မြန်မာစစ်တပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

မြန်မာစစ်တပ်မှ အင်အား (၆၀)ခန့်သည် ဖားကန့်မြို့နယ် မျောက်ဖြူမှော်၊ ဆိုင်းဂျာဘွမ်၊ ဆွတ်နန်ကောင်စသည့် နေရာများသို့ အဖွဲ့များခွဲကာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပါသည်။ သို့ရာတွင် KIA ပြည်သူ့ စစ်တပ်ဖွဲ့တို့၏ ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်မှုကိုခံရကာ ညနေ ၄း၃၀ ခန့်တွင် တပ်ဦးကျိုးသွားကြောင်း၊ မြန်မာစစ်သား ၁၀ ဦးထက်မနည်း ကျဆုံးပြီး၊ ၂၀ ပျော်ဒဏ်ရာရရှိကာ လက်နက်များလည်း သိမ်းဆည်းရရှိ ကြောင်း KIA ရှေ့တန်းအရာရှိတစ်ဦးကဆိုပါသည်။ ညနေ (၆) နာရီခန့်တွင် ဘာသာရေးဆရာများက ဆုတောင်းကောင်းချီးပေးပြီး အောင်ပွဲခံခဲ့ပါသည်။ 
လက်ကျန်စစ်သားများကို လိုက်လံတိုက်ထုတ်လျက် ရှိကြောင်း၊ ဆက်လက်ပြီး ထိုးစစ်ဆင်လာပါက KIA က ပြင်းထန်စွာ တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။