Monday, August 20, 2012

လဂျားယန်တွင် တိုက်ပွဲပြင်းထန်


(KACHINNET)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၅း၁၅ မှ ၅း၃၀ အချိန် အတွင်း KIA ဌာနချုပ်အနီး လဂျားယန်ဂိတ်တွင်ရှိနေသော မြန်မာ စစ်တပ် ခမရ (၄၀) နှင့် ရှေ့တန်းတွင်ရောက်ရှိနေသော KIA တပ်ဖွဲ့ဝင်များအကြား ရာဘာခြံအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။  ၄င်းနေ့ ည (၈) နာရီအချိန်တွင်လည်း လဂျားယန် ဘုန်းကြီးကျောင်းနှင့် ရာဘာခြံအကြားတွင် နောက်ထပ် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရှိရပါသည်။ နှစ်ဖက်ကျရှုံးစာရင်း မသိရသေးပါ။
  

တဖန် သြဂုတ်လ (၁၇) ရက်နေ့တွင်လည်း KIA တပ်မဟာ (၃) နယ်မြေသို့ သွားလမ်းပေါ် အောင်ဂျာ (Awng Ja)၊ လီဆူး (Li Su) ကျေးရွာနှင့် KIA တပ်ရင်း (၃) နယ်မြေဖြစ်သော ဒင်ဂါး (Ding Ga) ကျေးရွာများတွင်လည်း မြန်မာစစ်တပ်နှင့် KIA တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါတိုက်ပွဲများ တွင် မြန်မာစစ်တပ်ဘက်မှ အကျအရှုံးများရှိသည်ဟု ဆိုသော်လည်း သီခြားအတည်ပြုချက်မရယူနိုင်သေးပါ။




No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။