Wednesday, August 22, 2012

ဖားကန့်မြို့နယ် ဆိုင်းတောင်နှင့် တာမခန်းကြား တိုက်ပွဲဖြစ်


(jinghpawkasa)

ကချင်ပြည်နယ် KIA တပ်မဟာ (၂) ထိန်းချုပ်နယ်မြေဖြစ်သော ဖားကန့်မြို့နယ် ဆိုင်းတောင်နှင့် တာမခန်းကြား (Hpri Bum) တွင် သြဂုတ်လ (၂၁) ရက်နေ့ မွန်းလွဲ (၂) နာရီမှ ည (၉) နာရီ ပတ်ဝန်းကျင်အချိန်ထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။ တပ်မဟာ (၂) မှ KIA တပ်သားများနှင့် မုံရွာ အခြေစိုက် ခလ၇ (၁၆) မှ မြန်မာစစ်သားတပ်အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ ဒဏ်ရာရရှိမှု များပြားကြောင်း၊ ယနေ့မနက်ထိ ဆိုင်းတောင်ဆေးရုံသို့ ဒဏ်ရာရစစ်သားများ ၀င်လာဆဲ ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် ဖားကန့်ဒေသတွင် တကျော့ပြန် စစ်ရေး တင်မာလာခြင်းဖြစ်ပြီး မော်မောင်တောင် (Maw Mau Bum) ရှရောချောင်း (Sharaw Hka) အနီးတွင်လည်း မြန်မာစစ်တပ် ခလရ (၃၄၇) တပ်သားများ သွားလာလှုပ်ရှားနေကြောင်း စုံစမ်းသိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။