Wednesday, August 29, 2012

မော်မောဘွမ်နှင့် မျောက်ဖြူတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ


(Jinghpawkasa)

KIA တပ်မဟာ (၂) နယ်မြေ၊ ဖားကန့် မြို့နယ် မော်မောဘွမ် (Maw Mau Bum) နှင့် မျောက်ဖြူ (Myauk Phyu) တွင် KIA တပ်ရင်း (၆) နှင့် မြန်မာစစ်တပ်များ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရပါသည်။ မြန်မာစစ်တပ်မှ တိုက်ပွဲတွင် လက်နက်ကြီးများ အများအပြားအသုံးပြုနေကြောင်းလည်း သိရသည်။ မြန်မာစစ်တပ်မှ လက်နက်ကြီးများသည် ကျေးရွာများရှိ လူနေအိမ်များပေါ်တွင် ကျရောက်သောကြောင့် ယခုအချိန်တွင် အိမ်များမှာ မီးများ လောင်ကျွမ်းလျက်ရှိကြောင်း သိရပါသည်။ ယခုကဲ့သို့ မြန်မာစစ်တပ်မှ ကချင်ပြည်နယ်အပေါ်တွင် မတရားကျူးကျော်စစ်များ ဆင်နွဲလျက်ရှိရာ နေရာတကာတွင် ရှိသော ကချင်တမျိုးသားလုံး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အတွက်၊ ကချင်တမျိုးသားလုံးအတွက် ထာဝရဘုရားသခင်ထံတွင် အားလုံး ဆုတောင်းကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။