Tuesday, August 28, 2012

ဖားကန့်ဒေသတွင် အစိုးရစစ်တပ် စစ်ရဟတ်ယဉ်သုံးလာ


(jinghpawkasa)


သြဂုတ်လ ၂၇ တွင် KIA တပ်ရင်း (၆) မှ ပြည့်သူစစ်များနှင့်တိုက်ခိုက် သော တိုက်ပွဲတွင် ဗမာစစ်တပ်ဖက်မှ ၅၀ ကျော်ကျဆုံးပြီး ၁၈ ဦး ဒဏ်ရာ ရရှိကြောင်း၊ သေဆုံးသည့်အထဲတွင် မုံရွာအခြေစိုက် ခလရ ၁၆ တပ်ရင်း မှူးချစ်ကိုကို အပါအ၀င် စစ်ဗိုလ်နှစ်ဦးပါဝင်ကြောင်း၊ လက်နက် ၅၇ လက် သိမ်းဆည်းရရှိမိကြောင်း KIA ရှေ့တန်း စစ်မျက်နှာပြင်မှ အရာရှိက အတည်ပြု ပြောကြားလိုက်ပါသည်။  အကျအဆုံးများသဖြင့် မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှ အလွန်စိတ်ဆိုး နေပြီး ဖားကန့်ဒေသသို့ တပ်မ ၃၃ စစ်ကူ စေလွှတ် ထားပြီး၊ တပ်မမှူးအား ယနေ့ ညနေ ၄း၂၀ တွင် ရဟတ် ယဉ်ဖြင့် လာပို့ထားပြီး ဖြစ်ပါသည်။ ဒဏ်ရာရရှိသောသူများကို မြစ်ကြီးနား စစ်ဆေးရုံသို့ ပြန်လည် တင်ဆောင်သွားကြောင်း KIA တပ်ရင်း (၆) မှ အရာရှိတစ်ဦးကပြောကြားလာပါသည်။ အစိုးရဖက်မှ စစ်အင်အားများ ပိုမိုပို့ဆောင်လာသဖြင့် ဖားကန့်  မှော်ဒေသတွင် တိုက်ပွဲများပြင်းထန် လာနိုင်သဖြင့် ပြည်သူလူထုမှာ အလွန်စိုးရိမ်နေကြပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။