Thursday, August 16, 2012

မြစ်ကြီးနားမြို့ စည်ပင်ဆိပ်တွင် အကြမ်းဖက်မှု ဖြစ်ပွား

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ (ကြာသပတေးနေ့) ည ၉ နာရီ ပတ်ဝန်းကျင်တွင် အကြမ်းဖက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါသည်။

ဖြစ်ပွားသည့်နေရာမှာ ဧရာဝတီမြစ်ကမ်းဘေး မြို့ကြီးနားမြို့ မြို့နယ်စည်ပင်ရုံးနှင့် ကပ်ရက် စည်ပင်ဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရာသီဥတု ပူအိုက်သောကြောင့် ဆိပ်ကမ်းဘေးတွင် အနားယူသူများဖြင့် စည်ကားလျက်ရှိသည်။
ထိုအချိန်အတွင် အမည်မသိ လူငယ်တစ်စုမှ တုတ်၊ ဓားများဖြင့် ရောက်ရှိလာပြီး လာရောက် အကြမ်းဖက်ခြင်းဖြစ်သည်။ လူအများမှ ၄င်းတို့ကို မြင်သောကြောင့် ထွက်ပြေးကြသည်။
၎င်းတို့အုပ်စုမှ တုတ်များ၊ ကျောက်ခဲများ၊ အုတ်ခဲများဖြင့် လူအုပ်ကြီးကို လိုက်လံပစ်ခတ်ခဲ့ပါသည်။

ကျန်ခဲ့သော အချို့တစ်ဝက်မှာ တုတ်များဖြင့် ဆိပ်ကမ်းနားတွင် ရပ်ထားသော ဆိုင်ကယ်အမြောက်အများကို ရိုက်ခွဲ ဖျက်ဆီးကြသည်။
၎င်းတို့၏ ဖျက်ဆီးမှုကြောင့် ဆိုင်ကယ်တော်တော်များများ ပျက်စီးသွားကြောင်းလဲ သိရပါသည်။
ဆိုင်ကယ်အစီး ၂၀ ခန့် ပျက်စီးကြောင်း ၄င်းအဖြစ်အပျက်တွင် ကြုံခဲ့သော သူတစ်ယောက်ပြောပြချက်မှ သိရှိရပါသည်။

အချို့မှာ အရိုက်ခံရပါသည်။ အချို့မှာလည်း ခဲမှန်သောကြောင့် ဒဏ်ရာများ အနည်းငယ်ရရှိခဲ့ကြောင်းလည်း ဆက်လက်သိရှိရသည်။ ထိုအုပ်စုများ ရမ်းကားပြီးနောက်ထွက်ခွာသွားကြသည်။ တာဝန်ကျရဲများမှလည်း ထိုအကြောင်းအရာကို ဆက်လက်စုံစမ်းနေကြောင်းသိရှိရသည်။

ထိုကဲ့သို့ အကြောင်းမဲ့ အကြမ်းဖက်သူများကို အရေးယူပေးစေလိုကြောင်း ကြုံတွေ့ရသူများက ရဲများကိုပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။