Wednesday, August 29, 2012

ဖားကန့်ဒေသတွင် မြန်မာစစ်တပ်မှ ဒေသခံများအား ပစ္စည်းများ ရွှေ့ပြောင်းခိုင်း


(Jinghpawkasa)

ကချင်ပြည်နယ် ဥရု-ဆိုင်းမော် ဖားကန့်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသခံ ပြည်သူများ ပိုမို ဆင်းရဲဒုက္ခရောက်လျက်ရှိကြောင်း၊ မော်မောလယန်၊ မော်မော်ဘွမ်၊ အင်ဘလခ၊ တောင်ဖြူ၊ မျောက်ဖြူ၊ ရှရောခ၊ ဆိုင်းဂျာဘွမ်၊ မနာမော်၊ ကလောမော်၊ ပြည်ချောင်း၊ မှော်ဝမ်းကလေးအစရှိသော ဒေသများမှ ပြည်သူများအား မြန်မာစစ်တပ်မှ ယနေ့ (သြဂုတ်လ ၂၉ ရက်) နေ့လည် ၁း၀၀ နာရီအချိန်ခန့်က လော်စပီကာများဖြင့် ဒေသခံများ ပြောင်းရွှေ့ရန်၊ မိမိတို့ပစ္စည်းများအားသိမ်းယူသွားကြရန် ဆော်သြလျက်ရှိကြောင်း သိရသည်။ ဒေသခံများမှာ မိမိတို့၏ ပစ္စည်းများ ကို ဘေးကင်းရာနေများသို့လည်းကောင်း၊ နီးစပ်ရာဆွေမျိုးများထံသို့ လည်းကောင်း ရွှေ့ပြောင်းနေကြရကြောင်းသိရသည်။ ထိုကဲ့သို့ ပြောင်းရွှေ့နေသည်ကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း ဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။