Monday, August 27, 2012

မြန်မာစစ်တပ်မှ ဆိုင်းဂျာတောင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်




(Jinghpawkasa)

KIA တပ်မဟာ (၂) ထိန်းချုပ်ရာဒေသဖြစ်သော ဖားကန့်-ဥရုဆိုင်းမော် မျောက်ဖြူ (Myauk Phyu) တွင် ရောက်ရှိနေသော မြန်မာစစ်တပ်သည် ဆိုင်းဂျာတောင် (Seng Ja Bum) ဘက်သို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်မှု မရှိသေးကြောင်း၊ နောက်ရက်များတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း ဒေသခံများမှ သိရသည်။
ယခုအချိန်တွင် မျောက်ဖြူတွင် မြန်မာစစ်တပ်မှ အင်အား (၃၀၀) ကျော်လာရောက်တပ်စွဲထားပြီဖြစ်ကြောင်း၊ ရောက်ရှိနေသော စစ်သားများသည် မိုးကောင်းဘက်မှ အရပ်ဝတ်ဖြင့် တက်လာခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။