Sunday, August 26, 2012

ဆိုင်းတောင်ရွာဟောင်းအနီးတိုက်ပွဲဖြစ်




(jinghpawkasa)

August 18 ရက် ညနေ ၇ နာရီခန့်တွင် ဆိုင်းတောင် အခြေစိုက် အမှတ် (၁၆)တပ်ရင်းနှင့် KIA တပ်ရင်း ၆ လက်အောက်ခံ (ခွဲ ၉) တို့ ဆိုင်း တောင်(ရွာဟောင်း) အနီးတွင် တိုက်ပွဲဖြစ်ခဲ့ပါသည်။ လက်နက်ကြီး၊ လက်နက်ငယ် နှင့် မိုင်းများကိုအသုံးပြု၍ တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံ တစ်ဦးကဆိုပါသည်။ ခလရ ၁၆ သည် နေ့လည် ၁၂ နာရီခန့်မှစ၍ ရွာ ဟောင်းသို့ စစ်ကြောင်းချီခဲ့ကြောင်း၊ လမ်းတွင် ဖြတ်လာသောသူများကို တင်းကျပ်စွာစစ်ဆေးပြီး၊ KIA တွေကိုတွေ့လားဟု မေးမြန်းခဲ့ကြောင်း၊ ရွာဟောင်း အုပ်ချုပ်ရေးမှူးကိုလည်း KIA ရှိမည့်နေရာများကို မေးမြန်းခဲ့ ကြောင်း ရွာဟောင်းဒေသခံများကပြောဆိုပါသည်။ ညနေ ၇ ခန့်တွင် တိုက်ပွဲဖြစ်ကြခြင်းဖြစ်ပြီး အထိအခိုက် အကျအဆုံးကို ဆက်လက်စုံစမ်း နေဆဲဖြစ်ပါသည်။

1 comment:

  1. Hello, I have been visiting your blog. ¡Congratulations for your work, good luck with your blog! I invite you to visit my blogs about literature, philosophy and films:
    http://vniversitas.over-blog.es
    http://carpe-diem-agc.blogspot.com/
    http://alvaro-alvarogomezcastro.blogspot.com/

    Greetings from Santa Marta, Colombia

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။