Monday, December 31, 2012

ဆန်ဖရန်ဘေးဧရိယာ ကချင်ကွန်မြူနီတီက ကချင်ပြည်နယ်တွင်း ထိုးစစ်ရပ်ရေး ဆန္ဒထုတ်ဖော်

 ဆန်ဖရန်ဘေးဧရိယာ ကချင်ကွန်မြူနီတီက ကချင်ပြည်နယ်တွင်း ထိုးစစ်ရပ်ရေး ဆန္ဒထုတ်ဖော်

မိုးမခဓာတ်ပုံသတင်း၊ ကချင်ကွန်မြူနီတီ၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၂

ယမန်နေ့က ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့တွင် ကချင်တိုင်းရင်းသားမိသားစုများ စုဝေးကြပြီး ကချင်ပြည်နယ်တွင်း အစိုးရတပ်များက ထိုးစစ်များပြင်းထန်စွာ တိုက်ခိုက်နေမှုများကို ရပ်ရေး ဆုတောင်းပွဲနှင့် ဆန္ဒပြ ထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ကြသည်။ ကချင်အရေး စိတ်ဝင်စားသူ လူဦးရေ ၅၀ ခန့် တက်ရောက်ကြပြီး လက်ရှိ ပြည်တွင်းစစ်ဒဏ်ခံစားနေရသူ ကချင်ပြည်သူများအတွက် ဆုတောင်းခြင်း၊ ထိုးစစ်များ ရပ်စဲရေး ဆန္ဒထုတ်ဖော်

တရုတ်နိုင်ငံသားတွေ သစ်ထုတ်လုပ်ဖို့ အင်အားရာနဲ့ချီ ရောက်ရှိ

2012-12-30 (RFA)
တရုတ်လူမျိုးအလုပ်သမား ၃ဝဝ လောက် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းမှာ တရားမဝင်သစ်ခိုးထုတ်ဖို့ ရောက်ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
 မြန်မာနိုင်ငံမြောက်ပိုင်းမှ သစ်လုံးများကို တရုတ်နိုင်ငံကို ပို့ဆောင်သည့် သစ်တင်ကားကြီးများပုံ

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းမှာ သစ်ထုတ်လုပ်ဖို့ စက်ကြီးတွေနဲ့ ရောက်ရှိနေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ဆင်ဘိုမြို့ခံတစ်ယောက်က RFA ကို ပြောပြပါတယ်။

၂၀၁၃ ဆိုတာ အမှန်တရား ဖက်တော်သားတွေရဲ့ နှစ် ဖြစ်ပါစေ။

(Kachin Duwa)

၁၃ ဆိုတဲ့ ကဏန်းကို တရုတ်တွေက တော်တော်ကြောက်ပါတယ်။ နံပါတ် နံမိတ်ဖတ်တာကို ယုံတဲ့ လူမျိုးတွေက ဒီလို နံပါတ်ကို တော်တော် ကြောက်တတ် ကြပါတယ်။ အဲဒီ အထဲမှာ ဗမာ စစ်တပ် ခေါင်းဆောင် နတ်ဆရာ သန်းရွှေလဲ တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။ ယတြာချေ တာတွေ၊ နံမိန်ဖတ်တာတွေက သူတို့ အယူအဆ...

ဒါကြောင့် ၂၀၁၃ မ၀င်ခင် ဗမာ စစ်တပ် အနေနဲ့ ကေအိုင်အေ ကို အကြီး အကျယ်တိုက်နေပါတယ်။

ခရစ်ယာန်တွေ အတွက် တော့ ဒါဟာ ကြောက်စရာ မဟုတ်... အမှန် တရား ရဲ့ သင်္ကေတ ပဲ ဖြစ်ပါတယ်။

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်


ထက်နောင်နောင်
ဒီဇင်ဘာ ၃၀၊ ၂၀၁၂


ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။

“ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ်ငြိမ်းချမ်း ရေး အတွက် ကြိုးစားဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊လက်ရှိ အခြေ အနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့ လာ ရတဲ့အခါမှာ လက်ရှိအစိုးရကိုမေးခွန်းထုတ်စရာ အများကြီး ရှိလာပါ တယ် ၊ နောက်ကြောင်းပြန်လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို တိတိလင်းလင်းပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီးလုပ်နေတဲ့စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှအကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလား ဆိုတာကို ကျွန်တော် မေးချင်ပါတယ် ” ၄င်းကပြောကြားခဲ့သည် ။

ကချင် ငြိမ်းချမ်းရေး ၈၈ ကျောင်းသားများ ကြားဝင်စေ့စပ်မည်

(ဧရာဝတီ)


စစ်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရေး ကေအိုင်အေနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ၀င်ရောက်စေ့စပ်ညှိုနှိုင်းပေးမည် ဖြစ်သည်။

ကေအိုင်အေ ဌာနချုပ်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံမည့် ၈၈ မျိုးဆက်ကျောင်းသားများတွင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မစန်းစန်းမော်၊ မမီမီလွင်တို့ ပါဝင်မည်ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် အခြားခေါင်းဆောင်များက အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိုနှိုင်းရန် အစီအစဉ် ရှိသည်ဟု သိရှိရသည်။

လေယာဉ်ကြီးတွေသုံးပြီး တိုက်တယ်ဆိုတော့ ကမ္ဘာစစ်ဖြစ်သလို ခံစားရတယ်

(Democratic Voice of Burma)


ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ အခု ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နယ်စပ်မှာရောက်ရှိနေတဲ့ ဒုက္ခသည်တွေက စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒီဒုက္ခသည်စခန်းက အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကချင်စစ်ပြေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီမှ ကိုလာရစ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကချင်မှာတိုက်ပွဲတွေဖြစ်နေတော့ ဒုက္ခသည်တွေရဲ့ အခြေအနေ သိချင် လို့ပါ။ သူတို့ ဘယ်လိုစိုးရိမ်ထိတ်လန့်နေကြရလဲ။ ဘယ်လို ဒုက္ခတွေကြုံ နေရလဲ။
“သူတို့မှာ အရင်ကတည်းကလည်း ကျနော်တို့ ခက်ခက်ခဲခဲနဲ့ ကူညီပေး နေရတာ။ စစ်ပွဲတွေက ပြင်းထန်လာတော့ အခက်အခဲတွေ ရှိလာတယ်။ လိုင်ဇာနား နီးလာတော့ ကြောက်ရွံ့မှုတွေ ဖြစ်လာတယ်။ ဒီနေ့လည်း တိုက်လေယာဉ် ၁ စင်းနဲ့ လာဗုံးကြဲနေတယ်။ အဲတော့ မြို့ခံ ဒေသခံ တွေဆိုရင် မနေ့ကဆိုရင် ဟိုဘက်ကမ်းကို ပြောင်းသွားကြတယ်။ ဒီမှာရှိ နေတဲ့ လူတွေဟာလည်း မလုံခြုံတဲ့စိတ်တွေနဲ့ နေနေတာကို တွေ့တယ်။”

သူခိုးက လူလိုဟစ်

(Jinghpawkasa)

ဗမာအစိုးရ၏ နိုင်ငံပိုင် သတင်းစာကြီးတွင် ကေအိုင်အိုအစိုးရ အပေါ် ပြည်သူတွေယုံကြည့်မှု ကင်းမဲ့အောင် ၀ါဒဖြန့် လျက်ရှိသည်မှာ ဆယ်စုနှစ် တော်တော်ပင် များလာပြီဖြစ်သည်။ ယခုလည်း ကေအိုင်အို အစိုးရအပေါ် အများပြည်သူလူထု ယုံကြည်မှုကင်းမဲ့ကာ မကောင်းမြင် လာစေရန် ရည်ရွယ် ချက်ဖြင့် ဗမာအစိုးရပိုင် သတင်းစာကြီးတွင် ၀ါဒဖြန့်လျက်ရှိသည်။ ကေအိုင်အိုအစိုးရပိုင် မလိရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်သို့ (၂၄) နာရီ မီးပေးလျက်ရှိသော မီးကြိုးများကို ဗမာအစိုးရစစ်တပ်မှ စစ်လေယာဉ် များဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်ပြီး ကေအိုင်အို အစိုးရကို လက်ညိုးထိုး အပြစ်တင်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ကေအိုင်အိုအစိုးရပိုင်         ရေအား လျှပ်စစ်ကို အသုံးပြုပြီး ကေအိုင်အို အစိုးရအပေါ် အပြစ် တင် ဝေဖန်အပုပ်ချခြင်းသည် ဗမာအစိုးရ၏ အရှက်မရှိ၊ အစိုးရမဆန်ပဲ အာဏာရူး ရူးနေသည်ကို ပေါ်တင် ပြသခြင်းသာ ဖြစ်ကြောင်း တင်ပြ လိုက် ရပါသည်။

ပူတာအိုရှိ အစိုးရတပ်ဖွဲ့အတွက် ယာဉ်တန်းထွက်ခွာ

(Myitkyina blog)


မြစ်ကြီးနားမြို့မှ ဆွမ်ပရာဘွမ်-ပူတာအို သို့ ယာဉ် ၁၂၀ ပါ ယာဉ်တန်း ဒီဇင်ဘာလ(၂၄)ရက်မှ စတင်ထွက်ခွာ လျက်ရှိသည်။ ယင်းယာဉ်တန်း တွင် ဆွမ်ပရာဘွမ်နှင့် ပူတာအိုဒေသရှိ မြန်မာအစိုးရစစ်တပ်အတွက် ရိက္ခာ၊ လက်နက်ခဲယမ်းများ စစ်တပ်အသုံးအဆောင်ပစ္စည်းများကို အဓိကသယ်ဆောင်ကြောင်း သိရှိရသည်။

ကုန်သည်များ၏ ကုန်ပစ္စည်းများကိုလည်း ယာဉ်တန်းတွင် အခကြေး ငွေပေးဆောင်၍ သယ်ယူပေးကြောင်း သိရှိရသည်။ မြစ်ကြီးနားမြို့မှ ပူတာအိုမြို့အထိ ဘိလပ်မြေတစ်အိတ်အတွက် သယ်ယူခ ကျပ် ၂ သောင်း၊ ပိသာ ၄၀ ၀င် ဆားတစ်အိတ် သယ်ယူခ ကျပ် ၁ သောင်းခွဲ နှုန်းပေးရကြောင်း သိရသည်။ အရပ်သားလိုက်ပါ စီးသူများလည်း အခကြေးပေးဆောင်ရကြောင်း သိရသည်။

ဆင်ရုပ်ဖြင့် ယတြာချေ

(Myitkyina blog)
ဒီဇင်ဘာလ(၃၀)ရက်နေ့ တွင် မြန်မာ့လေတပ်က ကချင်ပြည်နယ်အနှံ့ လေယာဉ်မှနေ၍ အပြာရောင်ပလပ်စတစ် ဆင်ရုပ်ကို ကျဲချခဲ့သည်။ ယင်းဆင်ရုပ်ကို မြစ်ကြီးနားမြို့၊ ၀ိုင်းမော် ဧရာဝတီမြစ်ရိုးတလျှောက်၊ လိုင်ဇာမြို့ အထက် ကောင်းကင်တွင် ပျံဝဲနေသည် တွေ့ရှိခဲ့ကြရသည်။ အချို့အရုပ်သည် တရုတ်နိုင်ငံဘက်ခြမ်းသို့လည်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။ နေ့လည်(၁၂)နာရီအချိန်တွင် Bomber လေယာဉ်တစ်စီး ပျံသန်းသွားပြီး နောက် ဆင်ရုပ်ကို လေထဲပျံဝဲနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ကချင်အရေး စာပေအနုပညာရှင်များ စိတ်မအေး


30.12.2012 (VOA)

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာ အပေါ် အရပ်သားပြည်သူတွေအတွက် စိုးရိမ်မကင်း ဖြစ်တာကြောင့်၊ ပဋိပက္ခအပေါ်မှာ နှစ်ဘက်လုံးက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ စာပေ အနုပညာရှင်တွေ က တိုက်တွန်းနေကြပါတယ်။ ကချင်ပြည်နယ်ရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ စာပေ အနုပညာရှင်တွေရဲ့ ပြောဆိုချက်တွေကို ကိုသားညွန့်ဦးက စုစည်းတင်ပြ ထားပါတယ်။

 ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေဟာ အခုရက်ပိုင်းမှာ ပို ပြင်း ထန် လာပြီးတော့ မြန်မာစစ်တပ်ဘက်က လေကြောင်းကပါ တိုက်ခိုက် လာတာ တွေ့ရပါတယ်။ စာပေ အနုပညာရှင် အတော်များများကတော့ ဒီ အခြေအနေတွေကို သတိပြုမိကြပြီး ကချင်အရပ်သားပြည်သူတွေ အတွက် အထူးပဲ စိုးရိမ်ပူပင်နေကြတာ တွေ့ရပါတယ်။ လူမှုရေးသမား လည်းဖြစ် ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ခဲ့သူ ကိုကျော်သူ ကတော့ ကလေးငယ်တွေအတွက် အနာဂတ်ကိုပါ စိတ်ပူမိတယ်လို့ ပြောပါတယ်။

မြစ်ကြီးနား အနီးရှိ ၀ိုင်းမော် ဒုက္ခသည် စခန်း များ၌ လူဦးရေ နှစ်ဆ တိုးလာ


Sunday, 30 December 2012 16:33
Written by မြန်မာ့ခေတ်၊ ဟိန်းသူ (ဝိုင်းမော်)

Hein Htuကချင် ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ တွင် ဒုက္ခသည် ဦးရေ နှစ်ဆနီးပါး များ လာ ကြောင်း ငြိမ်းချမ်းရေး မိတ်သစ်များ အဖွဲ့မှ ကိုရှည်ရှည်က ပြောကြား သည်။

“တိုက်ပွဲတွေ ပြင်းထန် လာတဲ့ ပြီးခဲ့တဲ့ ၁၈ ရက် လောက်က စပြီး ဒုက္ခသည် စခန်း တွေမှာ လူဦးရေ တိုးပါတယ်။ ဒီနေ့ ထိ ဆိုရင် ၂ ဆလောက် တိုးလာ တယ်။ အခုလည်း လမ်းမှာ လာနေတဲ့ ဒုက္ခသည် တွေလည်း ရှိနေတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောကြားသည်။

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့

Sunday, 30 December 2012
Written by ရွှေဟင်္သာသတင်းဌာန

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏  တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။

ရှမ်းမြောက် ၌လည်း ပလောင် (တအာင်း) နှင့် KIA ပူးပေါင်းတပ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)
ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA တပ်စွဲ ထားသည့် နေရာတွင် ယမန် နေ့တွင် အစိုးရ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား သွားခဲ့ သည်ဟု တအာင်း အတွင်းရေးမှုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။

“ကွတ်ခိုင် တမြို့နယ် ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ လာတယ် ဆိုတော့။ ကျနော်တို့ ရှောင်လွှဲလို့ မရ တော့ဘူးလေ။ မနေ့က ကျနော်တို့ တပ်ရင်း (၁၁၂) တပ်ဖွဲ့နဲ့ KIA  တပ်ရင်း (၈) တပ်ဖွဲ့တို့ ပျောက်ကျားနဲ့ ဆီးကြို ပစ်လိုက်တယ်” ဟု ဆိုပါသည်။

ရခိုင်တပ်တွေလဲ ကချင်ဖက်ပါပြီ။

(Kachin Duwa)
လိုင်ဇာမြို့တော်ကို ရခိုင်တော်လှန်ရေး တပ်ဖွဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုသွင်အောင် နှင့် အဖွဲ့ ရောက်နေကြောင်း သိရသည်။

သတင်းထောက်များကို ပြောရာမှာ "ကျနော်တို့က ရခိုင်တပ်တွေပါ" လို့ ပြောလာကြောင်း သိရသည်။

"ကနော်တို့ တိုင်းရင်းသားတွေကြားမှာ ဘုံရန်သူရှိနေပါတယ်... ကချင်လွတ်မြောက်ရေး တပ်မတော်ဟာ ကျနော်တို့ရဲ့ မဟာ မိတ်တွေပါ" လို့ပြောပါတယ်။


မျော်တိုင်းဝေးမဲ့ ပြည်ထောင်စု

(Kachin Duwa)

ကချင်တွေ စစ်မှန်တဲ့ ပြည်ထောင်စု အကြောင်း စဉ်းစားလာတာ လွတ်လပ်ရေး ရကတည်းကပါ။ ဒါပေမယ့် စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့ခွင့် မရခဲ့ပါဘူး။

ဗမာ လူမျိုးများတောင် လက်မခံတဲ့ ဗမာ စစ်ခေါင်းဆောင်များ အပိုင်စီးထားတဲ့ စစ်တပ်ဟာ တိုင်းရင်းသားများကို မခံချင်အောင် အမျိုးမျိုး ရန်စပြီး လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဆက်ဆံ၊ မဒိမ်းကျင့်၊ ကလိမ်ကကျစ်လုပ်၊ ဥပဒေမဲ့ လူသတ်၊ ဖမ်းဆီးချုပ်နှောင်ပြီး ဆက်ဆံနေခဲ့တာ လွတ်လပ်ရေး ရကတည်းကပါ။



ကေအိုင်အေ ပြည်သူ့စစ် တစ်ယောက်ရဲ့ ရင်ဖွင့်သံ....

(Kachin Duwa)
အပစ်ရပ်ထားတဲ့ အချိန်တွေမှာ ဗမာ စစ်သားတွေ ရွာထဲ ကြိုက်သလို သောင်းကျန်းနေတာ ကြည့်ပြီး လက်ကို ယားနေတာပဲ...

ငါတို့ကသာ အပစ်ရပ်ထားတယ် ဆိုပြီး ဘာမှ လုပ်လို့မရ ဖြစ်နေတာ.. သူတို့ အကျင့်တွေက ပိုတောင် ဆိုးလာတယ်.. အပစ်ရပ်ထားလဲ မထူးဘူး.. ငါတို့ ကချင်တွေကို ဆဲလား... ကျိန်းလား လုပ်နေတာ.. မိန်ကလေးတွေကိုလဲ ဆွဲလား ရမ်းလား လုပ်နေတာ.... ခဏဏ စိတ်မထိန်းနိုင်လို့ ပြဿနာ
တက်ဖို့ နည်းနည်းပဲ လိုတယ်... မနဲ သီးခံ ခဲ့ရတယ်....

အခုလို တိုက်ပွဲဖြစ်လာတော့ စိတ်ရှိ လက်ရှိ ပစ်သတ်လို့ ရပြီ..

ကောင်းတယ်... တက်လာပါစေ...

ဆိုပဲ။

လိုင်ဇာမြို့ကောင်းကင်ယံတွင် ဗမာအစိုးရ ဆင်ဖြူတစ်ကောင်ရောက်ရှိနေ

(Jinghpawkasa) (Dec 30, 2012)
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့ ကောင်း ကင်ယံပေါ်တွင် ဗမာအစိုးရ စစ်လေယာဉ်ပေါ်မှ ဆင်ဖြူတော်ရုပ် တစ်ခုကို ယနေ့ ညနေပိုင်း (၃း၀၀) နာရီအချိန်တွင် လာရောက် ချထားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည် ကေအိုင်အိုအစိုးရ နှင့် တိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ အကျအရှုံးများပြာလာမှုကြောင့် ယခုကဲ့သို့ ယတြာချေ ခြင်းဖြစ်မည်ဟု လိုင်ဇာ ဒေသခံများက ထင်ကြေးပေးကာ ဝေဖန်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြန်မာ့တပ်မတော်က တရုတ်နိုင်ငံသို့ လက်နက်ကြီးပစ်ခတ်

(Myitkyina Blog)

ဒီဇင်ဘာလ(၃၀)ရက် ညနေ (၅)နာရီ (၁၅)မိနစ်အချိန်တွင် ဒေါ့ဖုန်းယန်မှ ၁၀၅ မမဖြင့် လိုင်ဇာမြို့ကို ချိန်ရွယ်ကာ (၅)ကြိမ် ပစ်ခတ်တိုက်ခဲ့သည်။ အမြောက်ဆံ(၂)ခုသည် လိုင်ဇာမြို့အနောက်ဖက်တောင်တန်းသို့ ကျရောက်ကာ ကျန်(၃)ခုသည် လိုင်ဇာမြို့တဖက်ကမ်း တရုတ်နိုင်ငံ နားဘန်း(Nabang)မြို့အစွန်တွင်တလုံး၊ ရင်ကျန်မြို့သို့သွားရာကားလမ်းနဘေး ကျွန်းစိုက်ခင်းတွင် (၂)ခု ကျရောက်ပေါက်ကွဲခဲ့သည်။ ကျရောက်ပေါက်ကွဲသော နေရာသို့ တရုတ်လုံခြုံရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးမှုပြုခဲ့ကြောင်းသိရှိရသည်။

Sunday, December 30, 2012

ဒီဇင်ဘာ (၃၀) ရက်နေ့ မနက်ပိုင်း ကချင်-ဗမာ ကျူးကျော် စစ်ပွဲ သတင်းတိုများ

(Myitkyina Blog)


မြန်မာစစ်ကြောင်းတွင် သင်္ဃန်းဝတ်ဘုန်းကြီးပါဝင်

ဒီဇင်ဘာလ(၃၀)ရက် မနက်(၉)နာရီမှ (၁၀း၃၀)အချိန်အထိ ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၅)တွင် တပ်မ(၈၈) လက်အောက်တပ်ဖွဲ့ ခမရ(၃၀၁) တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ခလရ(၃၀၁) တွင် ဘုန်းကြီးတစ်ပါး ပါဝင်ကြောင်း သိရသည်။ သင်္ဃန်းဝတ်ဘုန်းကြီးတွင် မှန်ဘီလူးတလက်ပါရှိ ကာ KIA တပ်စခန်းသို့ မှန်ဘီလူးဖြင့် မကြာခဏကြည့်ကာ မြေကတုတ်ထဲသို့ ၀င်လိုက်ပြူကြည့်လိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

မြန်မာအစိုးရတပ်ဖွဲ့ ထိခိုက်မှုရှိ

ဒီဇင်ဘာလ(၂၉)ရက်နေ့ မနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း ဘန်ညို(Bang Nyu) တောင်ကုန်းရှိ KIA

တောင်နီကျေးရွာကို ကေအိုင်အေမှ သိမ်းပိုက် ထိမ်းချုပ်နိုင်

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - မိုးညှင်း ရထားလမ်းပေါ် ရှိ တောင်နီကျေးရွာကို ဒီဇင်ဘာ (၂၉) ရက်နေ့ည တွင် ကေအိုင်အေ တပ်ရင်း (၅) မှ မျိုးချစ်ရဲဘော်များ သိမ်းပိုက် ထိမ်းချုပ်ထားလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ ယခုအခါ ဗမာအစိုးရသည် ကချင် လူမျိုးများအပေါ် အမျိုးတုံး စစ်ကို လက်တွေ့ဆင်နွဲနေပြီဖြစ်သော ကြောင့် ပြည်တွင်းရှိ ကချင်လူမျိုးများ အားလုံး ဗမာနယ်ချဲ့ အစိုးရ ကို ရောက်ရာအရပ်မှ တိုက်ခိုက်တွန်းလှန် ရတော့မည်ဖြစ်ကြောင်းနှင့် မိမိကိုယ်လုံခြုံရေးအတွက် အထူးသတိရှိကြရန် တာဝန်ရှိသူများမှ သတိပေး ပြောကြားလာကြောင်း သိရှိရပါသည်။

KIA လဂျားယန်ကို မြန်မာလေတပ် ဆက်လက်တိုက်ခိုက် (အင်တာဗျူး)

(VOA)


KIA ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာနဲ့ မလှမ်းမကမ်း လဂျားယန်မှာ မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ မြန်မာစစ်တပ် ဘက်က လေ ကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား ဗန်းမော် လမ်းကြောင်းမှာရှိတဲ့ KIA တပ်တွေကို ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာဖို့ မြန်မာစစ်တပ်ဘက်က KIA ကို ရာဇသံပေးပြီး တဲ့နောက် အခုလို မြန်မာစစ်တပ် ဘက်က လေကြောင်းက တိုက်ခိုက်မှု တွေပါ လုပ်လာတာပါ။ အခြေအနေ အသေးစိတ်ကိုတော့ ကချင်လွတ် မြောက်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလာနန်ကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

“အခု ဒီမှာ စကားပြောနေတုန်းပဲ၊ လဂျားယန်မှာ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ ပစ်နေတာ။ အခု ၅ နာရီ ၂၀ လောက်မှာ စပြီးပစ်တယ်။ အခုလည်း ပစ်နေ တုန်းပဲခင်ဗျ။ ဒီနေ့ လဂျားယန်မှာ သုံးကြိမ်မြောက်ပေါ့။ ဒီနေ့ ၁၂ နာရီခွဲမှာ တကြိမ် တစင်း လာပစ်တယ်။ ခဏ ၃ နာရီခွဲမှာ တကြိမ် လာပစ်တယ်၊ အခု ၅ နာရီ ၂၀ မှာ နောက်တကြိမ် လာပစ်တယ်ခင်ဗျ။ ခုထိ ပစ်တုန်းပါ။”

ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ

(ရွှေဟင်္သာသတင်းဌာန)


ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလာနန်း က ဆိုပါသည်။ 

“ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့ လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မြစ်ကြီးနား - လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့ အရှေ့ ဘက် ဂန်ဒေါင်ဒုကျေးရွာ ဘက်မှာဖြစ်တယ်။ တိုက်ပွဲကြီး၂ ပွဲ ပေါ့ဗျာ။ နေ့လည်တစ်နာရီ ကျော်ကျော်မှာဖြစ်တယ်။ သူတို့က တိုက်လေယာဉ်နဲ့ ပစ်ခတ် နေပေမဲ့ ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိဘူး ခင်ဗျ။” ဟု ဆိုပါသည်။

ဒီဇင်ဘာ (၂၉) တိုက်ပွဲ သတင်း

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ် သော မြစ်ကြီးနား - ဗန်းမော်လမ်း နားလုံ၊ ခရာ နှင့် ဘွမ်ရယ် တစ်လျှောက် ဒီဇင်ဘာ (၂၉) ရက်နေ့ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။ ဗမာအစိုးရ စစ်တပ်မှ ဂျက်လေယာဉ် နှင့် စစ် ရဟတ်ယာဉ်များအသုံးပြုက ကေအိုင်အေများကို လာရောက်တိုက်ခိုက် ခဲ့ကြောင်းနှင့် ဓာတုလက်နက်များ ကိုပါ အသုံးပြုပြီး ကေအိုင်အေ များကိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။ ဗမာအစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သော ဓာတုလက်နက်ကြောင့် ကေအိုင်အေ မျိုးချစ်ရဲဘော် (၄၀) ကျော် အဆိပ်သင့် ခဲ့ကြောင်း သိရှိရပါသည်။

အစိုးရစစ်တပ်နဲ့ကေအိုင်အိုနှစ်ဖက် တိုက်ပွဲ ပြင်းထန်

2012-12-29 (RFA)
ကေအိုင်အို ရဲ့ အဓိကစခန်းဖြစ်တဲ့ လဂျားယန်စခန်းကို အစိုးရတပ်က မနေ့က ဂျက်တိုက် လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးတဲ့ နောက် ဒီနေ့မနက်ပိုင်းက စပြီး ခြေလျင်တပ် အင်အားအများအပြားနဲ့ ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

ဒီနေ့မနက် ၇ နာရီလောက်ကနေ စတင်ပြီးတော့  ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်ဝေးတဲ့ လန်ဂျားယန်စခန်းကို ဒေါ့ဖုန်းယန် အခြေစိုက် အစိုးရ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို မြေပြင်တပ် တွေကလဲ အများအပြား ထိုးစစ်ဆင်လာတဲ့ အတွက်  တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ အဲဒီ စစ်မြေပြင်မှာ ရောက်နေတဲ့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုလဆိုင်းက ပြောပါတယ်။

MYEN HPYEN DU (3) HTE N BUNGLI (1) HKRAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Dap Ba (5) up hkang ginra rai nga ai Myitkyina - Manmaw lam ntsa na Na Lung, Hka Ya hte Bum Re mayan December (29) ya shani KIA myu tsaw share ninghkring ni hte myen tai hpyen ni laja lana gap gasat lai wa sai lam na chye lu ai. N dai zawn gap gasat ai hta myen hpyen maga na hk-l-y (53) na Dum Jum Kyaw Swar Aye hte hpyen du (2) si hkrum lai wa sai lam, hpyen hpyen la ni gaw (60) jan si hkrum lai wa sai lam shiga na chye lu ai. 

၂၀၁၂ နှစ်မကုန်မီ ကချင်ပြည်နယ်တွင် ကြံ့ဖွံ့အစိုးရ စစ်တပ်များ အပြင်းအထန် ထိုးစစ်ဆင်

(မိုးမခ)


အများပြည်သူတို့ ခရစ်စမတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက် မိသားစုများ မိတ်ဆွေများ တွေ့ဆုံအနားယူကြချိန် ရက်သတ္တပတ်မှ စတင်ပြီး ကြံ့ဖွံွှ့အစိုးရ၏ လက်နက်ကိုင် စစ်တပ်များက ကချင်ပြည်နယ် တွင် ထိုးစစ်များ ဆင်ပြီး တိုက်ခိုက်လျက်ရှိသည်။

ပြည်ပနိုင်ငံအချို့က စစ်လက်နက်များ၊ စစ်အထောက်အကူ ပစ္စည်းများ ၀ယ်ယူလက်ခံရရှိသည့်သတင်းများ ထွက်ပေါ်ပြီး မကြာမီ မှာပင် စစ်လေယျာဉ်များ၊ ရဟတ်ယာဉ်များ အများအပြားသုံးပြီး ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် ဒေသအသီးသီးကို ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသည်။ လက်နက်မဲ့သည့် ဒေသခံပြည်သူများ သေကြေပျက်စီး ခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းတို့ကြောင့် စစ်ပြေးဒုက္ခသည် သောင်းနှင့် ချီပြီး ဒုက္ခသည်စခန်းများ တောတွင်းဒေသများ၊ နယ်စပ်ဒေသများသို့ ထွက်ပြေးလျက်ရှိသည်။

SUMPRA BUM LAM DE MYEN NI ZINGRI ZINGRAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Dingdung Ginwang Dap Ba (1) up hkang ginra rai nga ai Myitkyina - Sumpra Bum - Putao lam gram shim lam ga baw hte lai wa sai November (5) ya kawn nna lung wa ai myen hpyen asuya a tatma (33) kata na Byuha (1), (2) n i gaw n gup a ga hte gaw nanhte mung shawa masha ni hpe roi rip zingri ai lam, mya lu mya sha ai lam ni n galaw na re, mare kata a tsawm rai nga mu nga tsun lai wa ai rai tim kaja wa ta tut hta gaw shai nga ai lam na chye lu ai. Myen asuya hpyen hpung ni gaw mung shawa masha ni a dusat yam nga ni hpe majoi gap sat sha ai lam, arung arai kaja ni hpe mya lu mya sha ya ai lam, num ma ni hpe roi rip nna, la ni hpe gaw majoi rim la nna adup zingri, san jep shagyeng ai lam ni hpe galaw nga ai lam buga masha ni kawn na chye lu ai. Myen hpyen ni n dai zawn zingri zingrat ai majaw mawdaw lam mayan mare kahtawng hkan na myu sha ni gaw nam maling de hprawng yen hkawm nga ai lam hte n kau gaw KIO Ba (1) up kang ginra shim lum ai shara ni de htawt sit shang wa ding yang rai nga ai lam hpe mung matut na chye lu ai.

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲဘို့ မင်းကိုနိုင် တိုက်တွန်း


2012-12-29 (RFA)
ကချင်ပြည်နယ်မှာ စစ်ပွဲတွေအရှိန်မြင့်တက်နေတာဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပေါ် ပြည်သူတွေယုံကြည်မှုပျက်စေတဲ့အတွက် စစ်ပွဲတွေ ရပ်စဲကြဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

SUMPRA BUM LAM DE MYEN MAWDAW KAPAW

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Dingdung Ginwang Dap Ba (1) up hkang ginra rai nga ai Sumpra Bum lam de Dap Dung (4) na Myu Tsaw Share Ninghkring ni hte myen hpyen asuya a tatmat (33) na hpyen hpung ni hte gap gasat lai wa sai lam shiga na chye lu ai. N dai zawn gap gasat ai hta KIA myu tsaw share shagan (3) myu hte mungdan a matu asak ap nawng lai wa sai lam hpe mung na chye lu ai. Myen hpyen  maga na gaw marai (9) si hkrum lai wa sai lam na chye lu ai. Matut nna Hka Garan Mare makau kaw mung KIA Dung (22) na myu tsaw share ninghkring ni hte (101) Zai Ladat hpyen hpung ni kawn myen hpyen ni a hpyen mawdaw (1) mi hpe dai ni kapaw a yai kau ya lai wa sai lam hpe na chye lu ai.